ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပျံလွန်တော်မူ
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပျံလွန်တော်မူ
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ သက်တော် ၈၈ နှစ်အရွယ်မှာ ပျံလွန်တော်မူသွားပြီ ဖြစ်ပါတယ်။ သူ စံမြန်းတဲ့ ဗာတီကန်က ကာဆာ ဆန်တာ မာတာမှာ ပျံလွန်သွားခဲ့တာဖြစ်ကြောင်း ဗာတီကန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဟန်းအမတ် ကာဒီနယ် ဖာရယ်က ပြောပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ သူရှေ့က ပုပ်ရဟန်းမင်းကြီး ၁၆ ယောက်မြောက် ဘန်းနဒစ် တာဝန်က အနားယူသွားပြီးနောက် ၂၀၁၃ ခုနှစ် မတ်လ ကတည်းက ကက်သလစ် အသင်းတော်ရဲ့ အကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဘုရားသခင် နဲ့ အသင်းတော်အတွက် တဘဝလုံးကို နှစ်မြှုပ်ထားခဲ့သူ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် အလိမ်း မက်ဘူးလ်ရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။



