မင်းလက်ပံက ကျားဖြန့်မှာ လုပ်ခဲ့ဖူးသူတွေ ဆန္ဒပြ
မင်းလက်ပံက ကျားဖြန့်မှာ လုပ်ခဲ့ဖူးသူတွေ ဆန္ဒပြ
ကရင်ပြည်နယ်၊ မြဝတီ မြို့နယ်ထဲက မင်းလက်ပံ ဒေသကို ကရင် အမျိုးသား အစည်းအရုံး ကေအန်ယူက ဝင်ရောက်စီးနင်းပြီး နောက်ပိုင်းမှာ ကျားဖြန့်တွေမှာ အလုပ်လုပ်ကိုင်ခဲ့ကြတဲ့ တရုတ် နိုင်ငံသားတွေကို လက်ခံ ထိန်းသိမ်းပေးထားရတာ သုံးပတ် နီးပါး ရှိလာပါပြီ။ အဲဒီထဲက တရုတ် နိုင်ငံသား တချို့ကို ထိုင်းနိုင်ငံကို လွှဲပြောင်းပေးပေမဲ့ တချို့တွေက ထိုင်းဘက်ကို ထွက်ခွာဖို့ ငြင်းဆန်နေတယ်လို့ ဆိုပါတယ်။ အဲဒီလူတွေဟာ အဆောက်အအုံတွေကို ဖျက်ဆီးတာနဲ့ ဆန္ဒပြတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မညိုလဲ့ရည်က ဆက်ပြီး ပြောပြပေးမှာပါ။



