နေထိုင်ခွင့် ကျော်လွန်တဲ့ မြန်မာတွေ ကြိုတင် ထွက်ခွာဖို့ သံရုံးတိုက်တွန်း

ဗီဒီယို ပုံစာ, နေထိုင်ခွင့် ကျော်လွန်တဲ့ မြန်မာတွေ ကြိုတင် ထွက်ခွာဖို့ သံရုံးတိုက်တွန်း
နေထိုင်ခွင့် ကျော်လွန်တဲ့ မြန်မာတွေ ကြိုတင် ထွက်ခွာဖို့ သံရုံးတိုက်တွန်း

အမေရိကန်နိုင်ငံမှာ ရောက်ရှိနေပြီး နေထိုင်ခွင့်ဗီဇာ ကုန်ဆုံးနေတဲ့ မြန်မာနိုင်ငံသားတွေအ နေနဲ့ နိုင်ငံထဲကနေ နှင်ထုတ်တဲ့ အချိန်ရောက်မှ ထွက်ခွာတာထက် ကြိုတင်ပြီး ထွက်ခွာသင့်တယ်လို့ ဝါရှင်တန်မှာ ရှိတဲ့ မြန်မာသံရုံးက သတိပေး ထုတ်ပြန်ပါတယ်။ အမေရိကန်အစိုးရက တရားမဝင် ဝင်ရောက်လာသူတွေကို ဖမ်းဆီးပြီး နေရပ် ပြန်ပို့နေချိန်မှာ မြန်မာသံရုံး ဘက်က သတိပေးလာတာ ဖြစ်ပါတယ်။ မသူဇာလင်း က ပြောပြပေးမှာပါ။