ပီလော နိုင်ငံရဲ့ ပထဝီ နိုင်ငံရေး အကျပ်အတည်း

ဗီဒီယို ပုံစာ, ပီလော နိုင်ငံရဲ့ ပထဝီ နိုင်ငံရေး အကျပ်အတည်း
ပီလော နိုင်ငံရဲ့ ပထဝီ နိုင်ငံရေး အကျပ်အတည်း

ပစိဖိတ် ဒေသထဲက ပလောလို့ ခေါ်တဲ့ နိုင်ငံဟာ အင်မတန်မှ သာယာလှပပေမဲ့ အဲဒီ အလှတရားရဲ့ အောက်မှာ ပထဝီ နိုင်ငံရေး တင်းမာမှုတွေ ရှိနေပါတယ်။ ထိုင်ဝမ်နဲ့ သံတမန် ဆက်ဆံရေးကို ဆက်ထိန်းထားတဲ့ ပလော နိုင်ငံဟာ တရုတ် နဲ့ ထိုင်ဝမ်ရဲ့ အားပြိုင်မှု ကြားထဲ ရောက်နေပါတယ်။ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်း တစ်ခု အဖြစ် ဘေဂျင်းက ရှုမြင်ထားတာ ဖြစ်ပါတယ်။ ထိုင်ဝမ်ကို နိုင်ငံ တစ်ခု အဖြစ် အသိအမှတ် မပြုဖို့ကိုလည်း တရုတ်ဘက်က တားမြစ်လေ့ ရှိပါတယ်။ဒါကြောင့် ထိုင်ဝမ်နဲ့ သံတမန် ဆက်သွယ်မှုတွေ ထားရှိဖို့ ပလောနိုင်ငံရဲ ဆုံးဖြတ်ချက်ကြောင့် ဒေသတွင်းမှာ ကျယ်ပြန့်တဲ့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဘီဘီစီ သတင်းထောက် ရှောင်ယွမ်ရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြပေးမှာပါ။