NUG နဲ့ မပူးပေါင်းဘူးလို့ ကိုးကန့်တပ် ဘာကြောင့် ထုတ်ပြန်တာလဲ
NUG နဲ့ မပူးပေါင်းဘူးလို့ ကိုးကန့်တပ် ဘာကြောင့် ထုတ်ပြန်တာလဲ
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ရေး နိုင်ငံရေး အရ ပူးပေါင်းပြီး စစ်ရေးချဲ့ထွင်မှုတွေကို လုံးဝ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ MNDAA ကိုးကန့်တပ်က စက်တင်ဘာ ၁၉ ရက်နေ့မှာ ထပ်မံထုတ်ပြန်လာပါတယ်။ နောက်ပြီး တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုကနေ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတဲ့ လမ်းစဥ်နဲ့ အဖြေရှာသွားမယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီအပေါ်မှာ NUG ရဲ့ သဘောထားဘယ်လိုရှိပါသလဲ။ ကိုရင်မောင်က ဆက်ပြီးပြောပြပေးမှာပါ။



