ဂါဇာကို အမေရိကန် လွှဲယူမယ်လို့ ထရမ့်ပြော
ဂါဇာကို အမေရိကန် လွှဲယူမယ်လို့ ထရမ့်ပြော
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂါဇာကို လွှဲပြောင်း ရယူမယ့် အစီအစဉ်တွေကို ပြောလာပါတယ်။ ဒါဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း ဆိုင်ရာ မူဝါဒပိုင်းမှာ သိသာစွာ ပြောင်းလဲလာတာလည်း ဖြစ်ပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုနဲ့အတူ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြားလိုက်တာပါ။ မစ္စတာ ထရမ့်က ဂါဇာတခုလုံး ပြန်လည်တည်ဆောက်ပြီး ပါလက်စတိုင်းတွေကိုလည်း တခြားနေရာတွေကို ရွှေ့ပြောင်း ပေးမယ်လို့ ပြောပါတယ်။
ပါလက်စတိုင်း သမ္မတ မာမုခ် အာဘတ်စ်က ဒါနဲ့ပတ်သက်လို့ ပြင်းထန်စွာ ပယ်ချလိုက်ပြီး လူမျိုးရေး ခွဲခြားမှုလို့ ဆိုပါတယ်။ ဘီဘီစီ သတင်းထောက် တွမ် ဘိတ်မန်းရဲ့ သတင်းကို ကိုရင်မောင်က ပြောပြမှာပါ။



