သင်းအုပ်ဆရာရဲ့ မတရားပြုကျင့်မှုများ ဘီဘီစီ ဖော်ထုတ်

ဗီဒီယို ပုံစာ, သင်းအုပ်ဆရာရဲ့ မတရားပြုကျင့်မှုများ ဘီဘီစီ ဖော်ထုတ်
သင်းအုပ်ဆရာရဲ့ မတရားပြုကျင့်မှုများ ဘီဘီစီ ဖော်ထုတ်

ကမ္ဘာ့အကြီးဆုံး ဧဝံဂေလိ အသင်းတော် တခုကို တည်ထောင်သူရဲ့ အဓမ္မမှု၊ နှိပ်စက်ညှင်းပမ်းမှုတွေနဲ့ အတင်းအကြပ် ကိုယ်ဝန်ဖျက်ချစေမှုတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို ဘီဘီစီက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ တီဘီ ဂျော့ရှ်ရှူဝါဟာ နိုင်ဂျီးရီးယားက Synagogue Church of All Nations ဧဝံဂေလိ အသင်းတော်ကြီးကို တည်ထောင်ခဲ့သူ ဖြစ်ပြီး သူ့အသင်းတော်မှာ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ထင်ရှားကျော်ကြားသူတွေနဲ့ နိုင်ငံတကာအဆင့် ဘောလုံးသမားတွေက အစ ပါဝင်ပါတယ်။ အခုတော့ အသင်းတော် အတွင်းမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ဖူးသူတွေက နှစ်ပေါင်း ၂၀ နီးပါး ကျူးလွန်ခဲ့တဲ့ လုပ်ရပ်ဆိုးတွေနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် ဖွင့်ချလာကြပါပြီ။ ပီတာ မူရီမီရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။ အခုသတင်းမှာ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ပါနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။