ဒေါ်နယ်ထရမ့်နဲ့ ပြိုင်မယ့် ကာမာလာ ဟဲရစ်

ဗီဒီယို ပုံစာ, ဒေါ်နယ်ထရမ့်နဲ့ ပြိုင်မယ့် ကမ္မလာ ဟဲရစ်
ဒေါ်နယ်ထရမ့်နဲ့ ပြိုင်မယ့် ကာမာလာ ဟဲရစ်

အမေရိကန် ပြည်ထောင်စုမှာတော့ ဒုတိယ သမ္မတ ကာမလာ ဟဲရစ်က သူ့ကို လာမယ့် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ပါတီရဲ့ သမ္မတလောင်းအဖြစ် ပါတီအမှုဆောင်တွေက ထောက်ခံ ရွေးချယ်ပေးခဲ့ကြတဲ့အတွက် ဂုဏ်ယူမိတဲ့ အကြောင်း ပြောပါတယ်။ လေ့လာမှု စစ်တမ်းတွေမှာလည်း သူဟာ ပါတီသမ္မတလောင်းအဖြစ် ရွေးချယ်ခံရဖို့ လိုအပ်တဲ့ ပါတီကိုယ်စားလှယ် မဲအရေအတွက်ကို ရနေတာကို တွေ့ရပါတယ်။ ဒါကြောင့် လာမယ့် နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ် ထရမ့်နဲ့ ယှဉ်ပြိုင်အရွေးချယ်ခံတော့မှာ ဖြစ်ပါတယ်။ ဒီအကြောင်း ကိုဘိုဘိုက ပြောပြမှာပါ။