IS ခေါင်းဆောင်ရဲ့ ကျန်ရစ်သူဇနီးကို ယာဇီဒီမိသားစု တရားစွဲဖို့လုပ်

ဗီဒီယို ပုံစာ, လိင်မှောင်ခိုမှု၊ နှိပ်စက်မှုစွဲချက်တွေနဲ့ IS ခေါင်းဆောင်ရဲ့ဇနီး တရားစွဲခံရဖို့ ရှိနေ
IS ခေါင်းဆောင်ရဲ့ ကျန်ရစ်သူဇနီးကို ယာဇီဒီမိသားစု တရားစွဲဖို့လုပ်

၂၀၁၄ ခုနှစ် ဇွန်လကုန်ပိုင်းတုန်းက အီရတ်နဲ့ ဆီးရီးယားတစ်လွှားမှာ IS အစ္စလာမစ် နိုင်ငံအဖွဲ့ ထူထောင်ခဲ့တာ အခုဆိုရင် ၁၀ နှစ်နီးပါး ရှိသွားပြီ ဖြစ်ပြီး အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့ပါတယ်။ အဲဒီဒဏ်ကို ယာဇီဒီ လူမျိုးစုက အကြီးအကျယ် ခံခဲ့ရပြီး လူမျိုးတုံးသတ်ဖြတ်မှုကြီးအဖြစ် နိုင်ငံအတော်များများက ဖော်ညွှန်း ပြောခဲ့ကြပါတယ်။ လူထောင်ပေါင်းများစွာ သေဆုံးခဲ့သလို အတော်များများလည်း အဓမ္မ ဖမ်းဆီးခံရ၊ ကျွန်ပြုခံခဲ့ရပေမဲ့ ဥပဒေအရ အရေးယူနိုင်ရေးက ခုချိန်ထိ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ လိင်မှောင်ခိုကူးမှုတွေ၊ အိမ်တွင်း နှိပ်စက်ညှင်းပန်းမှုတွေမှာ ပါဝင်ပတ်သက်ခဲ့သူအဖြစ် IS အဖွဲ့ခေါင်းဆောင်ရဲ့ ကျန်ရစ်သူ ဇနီးသည် အွမ် ဟိုဒေးဖားကို ယာဇီဒီ မိသားတစ်စုက တရားစွဲနိုင်ဖို့ ကြိုးစားနေပါတယ်။ ဘီဘီစီ အာရပ်ဌာနက ဖားရက်စ် ကီလာနီ အီရတ်နိုင်ငံကနေ သတင်းပေးပို့ထားတာကို ကိုမိုးမြင့်က ပြောပြမှာပါ။