မိုးရေနဲ့ ရေဆိုး ဘယ်လို ခွဲခြားမလဲ
မိုးရေနဲ့ ရေဆိုး ဘယ်လို ခွဲခြားမလဲ
ကမ္ဘာကြီးဟာ ပိုမိုပူနွေးလာချိန်မှာ ရေဆိုးတွေ မိုးရေကို ဘယ်လို ခွဲခြားကြမလဲဆိုတာ ဦးနှောက်ခြောက်စရာ ကိစ္စတစ်ခု ဖြစ်လာပါတယ်။။ တကယ်လို့ ရေဆိုးတွေနဲ့ မိုးရေတွေသာ ပေါင်းစည်းသွားမယ် ဆိုရင်တော့ လူတွေနဲ့ တိရစ္ဆာန်တွေအတွက် အလွန် အန္တရာယ်များပါတယ်။ တချို့ ရာသီဥတုပြောင်းလဲရေး လှုပ်ရှားဆောင်ရွက်သူတွေက မိုးရေ သိုလှောင်မယ့် သီးခြား နေရာတွေထားဖို့ စိတ်ကူးကြပါတယ်။ လန်ဒန်မြို့မှာ ဒါကို ဖြေရှင်းဖို့ နည်းလမ်း တစ်ခု ရှိနေပါပြီ။ နှစ် ပေါင်း ၅၀ ကနေ ၇၀ လောက်အထိ ဒီနည်းလမ်းနဲ့ အကူအညီပေးနိုင်မယ်လို့ ဆိုပါတယ်။ ဘီဘီစီ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ သတင်းထောက် ဂျိုနာ ဖစ်ရှာရဲ့ သတင်းကို ကိုရင်မောင်က ပြောပြပေးမှာပါ။



