ဂျပန်ရွေးကောက်ပွဲမှာ တာကာအိချိရဲ့ ပါတီ သောင်ပြို ကမ်းပြိုနိုင်

ဗီဒီယို ပုံစာ, ဂျပန်ရွေးကောက်ပွဲမှာ တာကာအိချိရဲ့ ပါတီ သောင်ပြို ကမ်းပြိုနိုင်
ဂျပန်ရွေးကောက်ပွဲမှာ တာကာအိချိရဲ့ ပါတီ သောင်ပြို ကမ်းပြိုနိုင်

ဂျပန်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိကပဲ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။ အဲဒီ အနိုင်ရပြီးနောက် ဂျပန်ရဲ့ အစုရှယ်ယာ ဈေးကွက်တွေမှာလည်း ဈေးတွေ စံချိန်တင်အောင် တက်သွားခဲ့ပါတယ်။ ဂျပန်ရဲ့ ယန်းငွေ တန်ဖိုးဟာ အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ အားကောင်းသွားသလို နီကေးရဲ့ ကိန်းညွှန်းတွေမှာလည်း ပထမဆုံးအကြိမ် ၅၇၀၀၀ ကျော်သွားခဲ့ပါတယ်။ ဒါဟာ တာကာအိချိရဲ့ အောင်မြင်မှု အားကြောင့် ရင်းနှီးမြှုပ်နှံသူတွေမှာ ယုံကြည်မှု တိုးလာတဲ့ သဘောလည်း ဖြစ်ပါတယ်။ သူ့ရဲ့ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီက အောက်လွှတ်တော်ရဲ့ အမတ်နေရာ ၃ ပုံ ၂ ပုံကျော်ကို အနိုင်ရခဲ့ပြီး ဒါဟာ အနိုင်ရဖူးသမျှထဲမှာ အကောင်းဆုံး ရလဒ်လည်း ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း မစ္စ တာကာအိချိရဲ့ လျှပ်တပြက်ရွေးကောက်ပွဲ ခေါ်ဖို့ ဆုံးဖြတ်ခဲ့မှုဟာ အင်မတန် ရဲရင့်ပြီး အမျှော်အမြင်ကြီးတဲ့ လုပ်ဆောင်မှု ဖြစ်တယ်လို့ ဆိုပါတယ်။ ဘီဘီစီ သတင်းထောက် ရှိုင်မာ ခါလီ ပေးပို့ထားတဲ့ သတင်းကို မစန္ဒာဝင်းက ပြောပြမှာပါ။