ပတ်ဝန်းကျင် ညစ်ညမ်းမှု အနည်းဆုံး ဖြစ်တဲ့ လေယာဉ်ဆီ

ဗီဒီယို ပုံစာ, ပတ်ဝန်းကျင် ညစ်ညမ်းမှု အနည်းဆုံး ဖြစ်တဲ့ လေယာဉ်ဆီ
ပတ်ဝန်းကျင် ညစ်ညမ်းမှု အနည်းဆုံး ဖြစ်တဲ့ လေယာဉ်ဆီ

လေကြောင်း ခရီးသွား လုပ်ငန်းတွေမှာ လာမယ့် ၂၀၅၀ ပြည့်နှစ် ရောက်တဲ့ အခါ ကာဗွန်ထုတ်လွှတ်မှု အနိမ့်ဆုံး သုည ရောက်တဲ့ အထိသွားကြဖို့ ရည်မှန်းထားကြပါတယ်။ အဲဒီလို လုပ်နိုင်ဖို့ အတွက်ဆိုရင် sustainable aviation fuel - SAF လို့ ခေါ်ကြတဲ့ ရုပ်ကြွင်းက ထုတ်တဲ့ လောင်စာဆီအစား သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု အနည်းဆုံး ဖြစ်တဲ့ ဆီမျိုးလိုပါတယ်။ လေကြောင်း ခရီးသွား လုပ်ငန်းတွေ တွင်ကျယ် လာတာနဲ့ အမျှ အဲဒီလို သန့်ရှင်း လောင်စာဆီ အမျိုးအစားတွေအတွက် လိုအပ်ချက်ကလည်း ပိုပြီး ကြီးလာလေ ဖြစ်တာကြောင့် ရည်မှန်းချက်ကို သွားနိုင်ဖို့ အဲဒီ လောင်စာဆီတွေကို လုံလုံလောက်လောက် ထုတ်နိုင်ရေးဟာ အချိန်နဲ့အမျှ အရေးကြီးလာနေပြီ ဖြစ်ပါတယ်။ မော်နီကာ မေလ်လာ ပေးပို့ထားတဲ့ အကြော်ဆီကနေ လေယာဉ်ဆီ ဖြစ်လာပုံအကြောင်း သတင်းကို မသီရိဇော်က ပြောပြမှာပါ။