ကသာမှာ တိုက်ပွဲ ပြင်းထန်

ဗီဒီယို ပုံစာ, ကသာမှာ တိုက်ပွဲ ပြင်းထန်
ကသာမှာ တိုက်ပွဲ ပြင်းထန်

စစ်တပ်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပခဲ့တဲ့ မြို့တွေထဲမှာ ကသာ မြို့လည်း ပါဝင်ပြီး အဲဒီမှာ ရွေးကောက်ပွဲ ကျင်းပတဲ့ နေ့ကစပြီး ဒီကနေ့ အထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေကြောင့် ပိတ်မိနေသူတွေ ရှိသလို၊ စစ်ရှောင်ဖို့ ထွက်ပြေးရင်း ဖမ်းဆီးခံရတဲ့ ဝန်ထမ်းတွေလည်း ရှိနေပါတယ်။ တိုက်ပွဲတွေကြားမှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ပါတီက ပြည်သူ့လွှတ်တော် နေရာအတွက် အနိုင် ရရှိခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။ တိုက်ပွဲကြောင့် တစ်မြို့လုံးနီးပါး စစ်ရှောင်နေရချိန်မှာ ရွေးကောက်ပွဲကို ဘယ်လို ကျင်းပခဲ့တာပါလဲ။ ဒီအကြောင်း ကိုမိုးမြင့်က ပြောပြပေးမှာပါ။