စစ်ကောင်စီ ဥက္ကဋ္ဌ တရုတ်ကိုယ်စားလှယ်နဲ့ တွေ့ဆုံတဲ့ ည မူဆယ်မှာ တိုက်ပွဲဖြစ်

ဗီဒီယို ပုံစာ, စစ်ကောင်စီ ဥက္ကဋ္ဌ တရုတ်ကိုယ်စားလှယ်နဲ့ တွေ့ဆုံတဲ့ ည မူဆယ်မှာ တိုက်ပွဲဖြစ်
စစ်ကောင်စီ ဥက္ကဋ္ဌ တရုတ်ကိုယ်စားလှယ်နဲ့ တွေ့ဆုံတဲ့ ည မူဆယ်မှာ တိုက်ပွဲဖြစ်

စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ တရုတ်နိုင်ငံခြား‌ရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့ မနေ့က တွေ့ဆုံပြီး ညတွင်းချင်းမှာပဲ ရှမ်းမြောက်က စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မူဆယ်မှာ ကိုးကန့်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဟိုင်ဂင်ဆွေးနွေးပွဲကို ငြင်းဆန်ထားချိန် နေပြည်တော်ကို ရုတ်တရက်ရောက်လာတဲ့ တရုတ်သံခရီးစဥ်မပြီးဆုံးခင်မှာပဲ မူဆယ်မှာ ပစ်ခတ်မှုတွေဖြစ်ခဲ့လို့ ဒီတွေ့ဆုံမှုဟာ တိကျတဲ့ရလဒ်မထွက်ခဲ့ဘူးလို့ သုံးသပ်တာတွေလည်းရှိနေပါတယ်။ ဒီအခြေအနေတွေကို ကိုမောင်က ပြောပြမှာပါ။