စိတ်ဖိစီးမှုကို အပူပြ ကင်မရာနဲ့ သိနိုင်

ဗီဒီယို ပုံစာ, စိတ်ဖိစီးမှုကို အပူပြ ကင်မရာနဲ့ သိနိုင်
စိတ်ဖိစီးမှုကို အပူပြ ကင်မရာနဲ့ သိနိုင်

အပူချိန်ပြ ကင်မရာတွေကနေတဆင့် လူတယောက်ရဲ့ နှာခေါင်းက ထွက်တဲ့ အပူချိန်ကို တိုင်းတာပြီးရင် အဲ့ဒီလူမှု စိတ်ဖိစီးမှု ဘယ်လောက် ရှိနေသလဲဆိုတာကို ပြောနိုင်တယ်လို့ ဆိုပါတယ်။ လူတယောက်ဟာ စိတ်ဖိစီးလာပြီ ဆိုရင် သူ့ နှာခေါင်းရဲ့ အပူချိန်ဟာ ၂ ဒီဂရီလောက် ကျသွားတတ်တယ်ဆိုတာကို ဆပ်ဆက်စ် တက္ကသိုလ်က စိတ်ပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သုတေသီတွေက ဒီ နောက်ဆုံး တွေ့ရှိထားတဲ့နည်းကို လန်ဒန်မြို့မှာ ကျင်းပတဲ့ သိပ္ပံပညာဆိုင်ရာ ပွဲမှာ လက်တွေ့ ပြသခဲ့ကြပါတယ်။ အဲဒီကနေတဆင့် လူတွေဆီမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ စိတ်ဖိစီးမှုတွေကို ထိန်းကွပ် လျှော့ချနိုင်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။ ဘီဘီစီ သိပ္ပံ သတင်းထောက် ဗစ်တိုးရီးယား ဂေးလ် ကိုယ်တိုင် စိတ်ဖိစီးမှု စမ်းသပ်ခံပြီး အခုလို သတင်းပေးပို့ထားတာကို မသီရိဇော်က ပြောပြမှာပါ။