မြန်မာ နိုင်ငံနဲ့ ကုလသမဂ္ဂ နှစ်စဉ်ကြေး ပေးသွင်းမှု အခြေအနေ

ဗီဒီယို ပုံစာ, မြန်မာ နိုင်ငံနဲ့ ကုလသမဂ္ဂ နှစ်စဉ်ကြေး ပေးသွင်းမှု အခြေအနေ
မြန်မာ နိုင်ငံနဲ့ ကုလသမဂ္ဂ နှစ်စဉ်ကြေး ပေးသွင်းမှု အခြေအနေ

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို ကုလသမဂ္ဂကို ပုံမှန်ပေးသွင်းရတဲ့ ‌ငွေပေး သွင်းသူစာရင်းမှာ မြန်မာနိုင်ငံ မပါတော့တာကို ဖေဖော်ဝါရီ ၆ ရက်မှာ ကုလသမဂ္ဂက ထုတ်ပြန် ခဲ့တဲ့ နှစ်အလိုက်စာရင်းတွေမှာ ဖော်ပြထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUGက မဲပေးခွင့် မဆုံးရှုံးရအောင်လို့ နှစ်စဥ်ကြေးပေးသွင်းမှုတွေရှိတယ်လို့ ကုလသမဂ္ဂဆိုင် ရာမြန်မာသံ အမတ်ကြီး ဦးကျော်မိုးထွန်းက တုံ့ပြန်ပါတယ်။ ဒီအကြောင်း ကိုမိုးမြင့်က ပြောပြပေးမှာပါ။