ထိုင်းရွေးကောက်ပွဲ ဖုန်ကျိုင်ထိုင်း ပါတီနိုင်

ဗီဒီယို ပုံစာ, ထိုင်းရွေးကောက်ပွဲမှာ ဖုန်ကျိုင်ထိုင်း ပါတီက အနိုင်ရ
ထိုင်းရွေးကောက်ပွဲ ဖုန်ကျိုင်ထိုင်း ပါတီနိုင်

ထိုင်းရွေးကောက်ပွဲမှာ အမျိုးသားရေးဝါဒီတွေ ထောက်ခံအားပေးတဲ့ လက်ရှိ ထိုင်း အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ဦးဆောင်တဲ့ ဖုန်ကျိုင်ထိုင်းပါတီပဲ အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရခဲ့ပါတယ်။ အရင်ကလူကြိုက်များခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ဦးဆောင်တဲ့ ဖုအာထိုင်းပါတီနဲ့ ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲတုန်းက သောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့ လူငယ်တွေ ဦးဆောင်တဲ့ ပြည့်သူ့ပါတီ ကို ကျော်တက်ပြီး အနိုင်ရခဲ့တာပါ။ ပြုပြင်ပြောင်းလဲရေးကို ဦးစားပေးတဲ့ ပြည်သူ့ပါတီ အသာစီးရနိုင်မယ် ဆိုတဲ့ ခန့်မှန်းချက်တွေအပါအဝင် ရွေးကောက်ပွဲ အကြိုစစ်တမ်းတွေနဲ့ ပြောင်းပြန်ဖြစ်ပြီး ဘာကြောင့် ဖုန်ကျိုင်ထိုင်းပါတီက အနိုင်ရသွားတာပါလဲ။ ဒီအကြောင်း ကိုသန့်ဇင်ဦး ပြောပြပေးပါမယ်။