ပိုလန်နဲ့ ဘောလ်တစ်နိုင်ငံတွေ မိုင်းမသုံးရစာချုပ်ကထွက်

ဗီဒီယို ပုံစာ, ပိုလန်နဲ့ ဘောလ်တစ်နိုင်ငံတွေ မိုင်းမသုံးရစာချုပ်ကထွက်
ပိုလန်နဲ့ ဘောလ်တစ်နိုင်ငံတွေ မိုင်းမသုံးရစာချုပ်ကထွက်

ပိုလန်နဲ့ ဘောလ်တစ်နိုင်ငံတွေက နိုင်ငံတကာသဘောတူစာချုပ် တခုကနေ နုတ်ထွက်ဖို့ ကြေညာလိုက်ပါတယ်။ ဒါကတော့ ယူကေအပါအဝင် နိုင်ငံပေါင်း ၁၆၀ ကျော် ပါဝင် လက်မှတ်ရေးထိုးထားကြတဲ့ လူတွေကို ပစ်မှတ်ထားတဲ့ မြေမြှုပ်မိုင်း အသုံးပြုခြင်း ဆိုင်ရာ ပိတ်ပင်ရေး သဘောတူစာချုပ်ဖြစ်ပါတယ်။ အဲဒီလို နုတ်ထွက်လိုက်တာကြောင့် လုံခြုံရေးဆိုင်ရာ မဟာဗျူဟာပိုင်းတွေမှာ အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ အခု နုတ်ထွက်တဲ့ တိုင်းပြည်တွေဟာ ရုရှားနဲ့ နယ်နိမိတ်ချင်းထိစပ်နေသလို နေတိုး အဖွဲ့ဝင်နိုင်ငံတွေလည်းဖြစ်ပြီး ဗလာဒီမီယာ ပူတင်ရဲ့ ခြိမ်းခြောက်မှုတွေ ပိုမြင့်မားလာနေတဲ့ အတွက် လုပ်ရတာ ဖြစ်ကြောင်း ပြောပါတယ်။ အက်စတိုးနီးယား ရဲ့ မြောက်ပိုင်း ရုရှားနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ နာဗာက ဘီဘီစီသတင်းထောက် ကက်တယာ အဲလ်ဒါပေးပို့ထားတဲ့ သတင်းကို မညိုလဲ့ရည်က ပြောပြမှာပါ။