ဗန်းမော်ဒေသ တချို့ကို စစ်တပ် ရေလမ်းကြောင်း အသာစီးရယူ ထိန်းချုပ်
ဗန်းမော်ဒေသ တချို့ကို စစ်တပ် ရေလမ်းကြောင်း အသာစီးရယူ ထိန်းချုပ်
ကချင် လွတ်လပ်ရေးတပ် ကေအိုင်အေနဲ့ ပူးပေါင်း ကာကွယ်ရေး တပ်တွေ မြို့သိမ်း တိုက်ပွဲ ဆင်နွှဲနေတဲ့ ဗန်းမော်မြို့မှာ စစ်တပ်က အသာစီး ပြန်ရပြီး နေရာတချို့ကို ပြန်လည် ထိန်းချုပ် နိုင်ခဲ့ပါတယ်။ ရေလမ်းကြောင်းကနေ လူသူ လက်နက် အင်အား အများအပြား ပို့ဆောင်နိုင်ခဲ့တာကြောင့် အခုလို ပြန်လည် အသာစီး ရသွားခဲ့တာလို့ စစ်ရေး သုံးသပ်သူတွေက ပြောဆိုကြပါတယ်။ ဗန်းမော်က စစ်ရေး အခြေအနေတွေကို မညိုလဲ့ရည်က ပြောပြပေးမှာပါ။



