နီကိုလပ်စ် မဒူရိုကို နယူးယောက် တရားရုံးဆီ ခေါ်ဆောင်

ဗီဒီယို ပုံစာ, နီကိုလပ်စ် မဒူရိုကို နယူးယောက် တရားရုံးဆီ ခေါ်ဆောင်
နီကိုလပ်စ် မဒူရိုကို နယူးယောက် တရားရုံးဆီ ခေါ်ဆောင်

ဗင်နီဇွဲလား သမ္မတဟောင်း နီကိုးလပ်စ် မဒူရိုကို နယူးယောက်က တရားရုံးကို ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်။ သူ့ကို မူးယစ်ဆေးဝါးနဲ့ လက်နက်ကိုင်ဆောင်မှုတွေနဲ့ စွဲချက်တင်ထားတာ ဖြစ်ပြီး သူ့ဘက်ကတော့ ငြင်းဆိုထားပါတယ်။

ဗင်နီဇွဲလားမှာလည်း ယာယီသမ္မတ အဖြစ် ဒဲလ်ဆီ ရိုဒီရီးဂတ်စ် ဒီနေ့ ညနေပိုင်းမှာ ကျမ်းသစ္စာ ကျိန်ဆိုတော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး အစိုးရအဖွဲ့ အစည်းအဝေး အပြီးမှာပဲ သူက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဆီကို ပူးပေါင်းဆောင်ရွက်မယ့် အကြောင်း သတင်းစကား ပါးခဲ့တယ်လို့ ဆိုပါတယ်။

မစ္စ ရော့ဒရီးဂတ်စ်က ဝါရှင်တန်နဲ့ အပြန်အလှန် လေးစားမှု ရှိပြီး မျှတတဲ့ ဆက်ဆံရေး ထားရှိချင်ကြောင်းနဲ့ ဒေသတွင်းမှာလည်း စစ်ပွဲတွေအစား ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေသာ ရှိစေချင်ကြောင်း ပြောခဲ့ပါတယ်။

အမေရိကန် အထူးတပ်ဖွဲ့တွေက နီကိုးလပ်စ် မဒူရိုနဲ့ ဇနီးသည် ဆီလာ ဖလော်ရက်ဇ်တို့ကို စနေနေ့ အစောပိုင်းက သူတို့ နေအိမ်ဝန်းအတွင်း ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ပြီး နောက်မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်က ဗင်နီဇွဲလားကို ထိန်းချုပ်ထားပြီလို့ ပြောခဲ့ပါတယ်။ ဘီဘီစီသတင်းထောက် ဝေလ်ဂရန့်က ကိုလံဘီယာနဲ့ ဗင်နီဇွဲလား နယ်စပ်ကနေ ပေးပို့ထားတဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။