ကိုးကန့်မြီမိသားစုဝင်တွေကို တရုတ်ကွပ်မျက်
ကိုးကန့်မြီမိသားစုဝင်တွေကို တရုတ်ကွပ်မျက်
ရှမ်းမြောက်နယ်မြောက်ပိုင်း ကိုးကန့်ဒေသရဲ့အချမ်းသာဆုံး မိသားစုတစ်ခုဖြစ်ခဲ့တဲ့ မြီ(မင်) မိသားစုဝင်တွေအပါအဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ပြီလို့ တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ဒီနေ့မနက်သတင်းထုတ်ပြန်လာပါတယ်။ သူတို့ကို အွန်လိုင်းလိမ်လည်မှု၊ အဲဒီလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အဓမ္မစေခိုင်းမှုတွေအပြင် လူသတ်မှုစွဲချက်တွေနဲ့ ပြီးခဲ့တဲ့နှစ်မှာပဲ သေဒဏ်ချထားတာပါ။ မြီ(မင်) မိသားစုအပါအဝင် အပေါင်းအပါအယောက် ၄၀ လောက်ကို ၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးကာအတွင်းမှာပဲ စစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် တရုတ်အစိုးရဆီ လွှဲပြောင်းပေးခဲ့တာလည်းဖြစ်ပါတယ်။အပြည့်အစုံကို မသူဇာလင်းက ပြောပြပေးသွားမှာပါ။



