စလော့ဂိမ်းတွေက ပေးတဲ့ လူမှု ဒုက္ခတွေ

ဗီဒီယို ပုံစာ, စလော့ဂိမ်းတွေက ပေးတဲ့ လူမှု ဒုက္ခတွေ
စလော့ဂိမ်းတွေက ပေးတဲ့ လူမှု ဒုက္ခတွေ

မြန်မာနိုင်ငံမှာ စလော့ဂိမ်းလို့ ခေါ်တဲ့ မိုလ်ဘိုင်းဂိမ်း လောင်းကစားနည်းတွေက တောရော မြို့ပါ မကျန် လူတွေ အကြားမှာ ပျံ့နှံနေပါတယ်။ ဒီဂိမ်းတွေကြောင့် အကြွေးတင်၊ စီးပွားပျက်ရသူတွေလည်း အများအပြား ရှိနေပါတယ်။ ဒီဂိမ်းတွေဟာ အနိုင်နဲ့ အရှုံးကို သေချာ တွက်ချက်ပြီးမှ အရှုံးများအောင်ပဲ လုပ်ထားတာကြောင့် တချိန်မှာတော့ ဂိမ်းကစားသူဟာ သေချာပေါက် ငွေကြေး ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ဂိမ်းဖန်တီးသူတစ်ဦးက ပြောပါတယ်။ ဒီလိုမျိုး အွန်လိုင်း ဂိမ်းတွေကို ဥပဒေနဲ့ တားဆီး တာတွေလည်း မရှိတဲ့ အပြင်၊ လူမှုကွန်ရက်တွေကနေ တဆင့် ကြော်ငြာ အားကောင်းကောင်းနဲ့ လူတွေကြားထဲကို ဝင်ရောက်နေကြတာ ဖြစ်ပါတယ်။ ဒီအကြောင်း မရွှေပိုးနီက ပြောပြပေးထားပါတယ်။