မန္တလေးတိုင်းအတွင်း တော်လှန်ရေးနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ
လာမဲ့ရွေးကောက်ပွဲအပိုင်း (၃) မှာပါဝင်တဲ့ မန္တလေးတိုင်းထဲက မြင်းခြံ၊ ငါန်းဇွန်နဲ့ တောင်သာဘက်မှာ စစ်တပ်ဘက်က ရွေးကောက်ပွဲကျင်းပနိုင်ရေး စစ်ကြောင်းထိုးတာ၊ လမ်းပိတ်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီနယ်မြေတွေနဲ့ဆက်စပ်နေပေမဲ့ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ကြေညာထားတဲ့ နွားထိုးကြီးမြို့နယ် အနီးပတ်ဝန်းကျင်ကိုလည်း ပြီးခဲ့တဲ့ရက်က လေကြောင်းနဲ့တိုက်ခဲ့တာကြောင့် သေဆုံးဒဏ်ရာရတာတွေ များခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုအခြေအနေတွေကြောင့် တော်လှန်ရေးတပ်တွေအားကောင်းတဲ့ မန္တလေးက လက်ကျန်မြို့တွေမှာ ရွေးကောက်ပွဲလုပ်နိုင်ခြေ ဘယ်လောက်ရှိပါသလဲ၊ မြေပြင်မှာလက်ရှိဘယ်လိုရှိနေပါသလဲ။ ဒီအကြောင်း ကို မတာရာ ကတင်ပြပါမယ်။





