ရွေးကောက်ပွဲ အပေါ် နိုင်ငံတကာ ဘယ်လိုတုံ့ပြန်သလဲ

ဗီဒီယို ပုံစာ, ရွေးကောက်ပွဲ အပေါ် နိုင်ငံတကာ ဘယ်လိုတုံ့ပြန်သလဲ
ရွေးကောက်ပွဲ အပေါ် နိုင်ငံတကာ ဘယ်လိုတုံ့ပြန်သလဲ

၂၀၂၅ ရွေးကောက်ပွဲသုံးပိုင်းလုံးမှာ မဲပေးခွင့်ရှိသူ ၂၄ သန်းကျော်ရှိပြီး ရွေးကောက်ပွဲအပိုင်း ၁ မှာ မဲပေးခွင့်ရှိသူရဲ့ ထက်ဝက်ကျော် မဲလာပေးခဲ့တယ်လို့ ကာလုံပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြန်ပြောဆိုပါတယ်။ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်တဲ့ ၉ နိုင်ငံကလည်း ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတယ်လို့ မှတ်ချက်ပြုကြောင်း သူကပြောပါတယ်။ ရွေးကောက်ပွဲတစ်ခု လွတ်လပ်ပြီးတရားမျှတယ်ဆိုတဲ့ အခင်းအကျင်းက ဘယ်လိုအချက်တွေနဲ့ ညီညွတ်ရမှာပါလဲ။ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကရော ဒီရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်နေကြပါသလဲ။ ကိုကျော်ဇေယျ ပြောပြမှာပါ။