ဒေါ်အောင်ဆန်းစုကြည်အတွက် သားဖြစ်သူ စိုးရိမ်
ဒေါ်အောင်ဆန်းစုကြည်အတွက် သားဖြစ်သူ စိုးရိမ်
အကျဉ်းကျခံနေရတဲ့မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဘာသတင်းမှ မရဘဲ အဆက်အသွယ် ပြတ်တောက်နေတာ ကြာပြီမို့ သူမသိလိုက်ရဘဲ မိခင်ဖြစ်သူ ကွယ်လွန်သွား တာမျိုး ဖြစ်နိုင်တယ်လို့ သားဖြစ်သူ ကင်မဲရစ် ခေါ် ကိုထိန်လင်းက ပြောပါတယ်။ ဒီလို သားဖြစ်သူရဲ့ ပြောဆိုချက်ကို စစ်တပ်က ဒါဟာ သတင်းမှားလို့ တုံ့ပြန်ပြီး မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲကို နှောင့်ယှက်ချင်လို့ ဆိုပြီး တုံ့ပြန်ထားပါတယ်။ လူမြင်ကွင်းကနေ ၅ နှစ်နီးပါးပျောက်ကွယ်နေပြီး ပြင်ပကမ္ဘာနဲ့ပါ အဆက်အသွယ် ဖြတ်တောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကောင်းတယ် ဆိုတာကို စာနဲ့ထုတ်ပြန်ရုံသာမက သက်သေအထောက်အထားနဲ့ပါ ထုတ်ပြောသင့်တယ်လို့ တုံ့ပြန်မှုတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို ကိုကျော်ဇေယျက ပြောပြပေးသွားမှာပါ။



