ဂါဇာအပစ်ရပ်ရေး ဆွေးနွေးဆဲ

ဗီဒီယို ပုံစာ, ဂါဇာအပစ်ရပ်ရေး ဆွေးနွေးဆဲ
ဂါဇာအပစ်ရပ်ရေး ဆွေးနွေးဆဲ

ဟားမတ်စ်က ဖမ်းထားတဲ့ အစ္စရေး ဓားစာခံတွေကို လွှတ်ပေးဖို့ အကောင်းဆုံးအချိန်ဖြစ်နေပြီလို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီး ကပြောပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်တို့ အကြား ကိုင်ရိုမှာ ဆွေးနွေးနေကြဆဲ ဖြစ်သလို ဟားမတ်စ်ကလည်း သူတို့ တောင်းဆိုချက်တွေကို အစ္စရေး မလိုက်လျောဘူးလို့ ပြောနေဆဲ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဂါဇာက ဟန်းယူနစ္စမြို့ကို ပြန်လည်ရောက်ရှိလာကြတဲ့ ပါလက်စတိုင်းတွေက အဲဒီမှာ လနဲ့ချီ တိုက်ခိုက်နေကြပြီးနောက် မြို့ပျက်စီးနေပုံတွေကိုလည်း ပြောပြကြပါတယ်။ အစ္စရေးကတော့ ဂါဇာတောင်ပိုင်းက သူတို့ တပ်တွေကို စစ်ပွဲရဲ့ နောက်တဆင့်အတွက် ပြင်ဆင်ဖို့ ပြန်လည် ရုပ်သိမ်းထားတယ်လို့ ဆိုပါတယ်။ တနင်္လာနေ့ကတော့ ဂါဇာထဲကို ကယ်ဆယ်ရေး ပစ္စည်းတွေ တင်လာတဲ့ ကုန်တင်ကား အစီး ၃၀၀ ကျော် ဝင်ရောက်နိုင်ခဲ့ကြပြီး ဒါဟာ စစ်စတင်ပြီးနောက် အများဆုံး ဝင်ရောက်နိုင်ခြင်းလည်း ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ သတင်းထောက် လူစီဝီလျံဆင်ရဲ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။