တာလီဘန်ကို အသံနဲ့ အန်တုသူတွေ
တာလီဘန်ကို အသံနဲ့ အန်တုသူတွေ
အာဖဂန်နစ္စတန်မှာ တာလီဘန်က အမျိုးသမီးတွေ အပေါ် ဖိနှိပ် ကန့်သတ်မှုတွေ လုပ်နေတဲ့ကြားမှာပဲ အမျိုးသမီးတွေကလည်း ရတဲ့ နည်းနဲ့ ဆန္ဒဖော်ထုတ် နေကြပါတယ်။ တာလီဘန်ကို အသံလက်နက်နဲ့ ဆန့်ကျင်နေတဲ့ ညီအစ်မ နှစ်ယောက်ကတော့ သူတို့ ဘယ်သူ ဘယ်ဝါဆိုတာ မသိနိုင်ဖို့ ဘာကာ အုပ်ထားတဲ့ အောက်ကနေ သီချင်းတွေ သီဆို ဆန္ဒပြခဲ့ကြပါတယ်။ ဒီလို သီဆိုရိုက်ကူးထားတဲ့ ဗီဒီယိုတွေဟာလည်း အတော်ကို လူထုအကြား ပျံ့နှံ့ ရောက်ရှိခဲ့ပါတယ်။ အဲဒီ အမျိုးသမီး ၂ ဦးက သူတို့ ရင်ဆိုင်ရတဲ့ အန္တရာယ်တွေ အကြောင်းနဲ့ နောက်ထပ် သီချင်း သစ်အကြောင်းတွေကို လျှို့ဝှက် တနေရာကနေ ပြောပြခဲ့ပါတယ်။ နားဆင်ကြည့်ရအောင်ပါ။



