ဆန်တန်းစီဝယ်ယူနေရသလို ဆန်ဆိုင်ပိုင်ရှင်တချို့ ဖမ်းဆီးခံရ
စစ်ကောင်စီက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ အပါအဝင် ဆန်ကုန်သည်နဲ့ ဆန်စက်ပိုင်ရှင်တွေကို ခေါ်ယူစစ်ဆေးမေးမြန်းတဲ့နောက် နှစ်ရက်အကြာမှာ ဆန်တွေကို သတ်မှတ်စျေးနဲ့ရောင်းချဖို့ လိုက်လံစစ်ဆေးတာတွေရှိနေပြီး ဆန်ဆိုင်ပိုင်ရှင်တချို့ ဖမ်းဆီးခံရတာတွေရှိပါတယ်။ ဒါ့အပြင် လူတစ်ဦးကို မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းနဲ့ တန်းစီဝယ်ယူရတဲ့အခြေအနေတွေလည်း ရှိနေပါတယ်။ မြန်မာပြည် ဆန်ပြဿနာ ဘယ်အခြေဆိုက်နေပြီလဲ။ မစန္ဒာဝင်းက ပြောပြပါမယ်။





