ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေး မော်စကို ဆွေးနွေးပွဲ ရလဒ် မထွက်
ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေး အတွက် အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့နဲ့ သမ္မတ ပူတင်တို့ရဲ့ မော်စကိုက ဆွေးနွေးပွဲဟာ သိသာ ထင်ရှားတဲ့ ရလဒ် ထွက်ပေါ်ခြင်းမရှိဘဲ ပြီးဆုံးခဲ့ပါတယ်။ ၅ နာရီကြာမြင့်တဲ့ ဆွေးနွေးပွဲဟာ အကျိုးရှိပြီး အသုံးဝင်ကြောင်း ရုရှား ညှိနှိုင်းရေးမှူးတွေက ပြောကြပါတယ်။ ဒါပေမဲ့ ကရင်မလင်နဲ့ နီးစပ်တဲ့ ယူရီ ယူရှာကော့ဗ်ကတော့ ယူကရိန်း နယ်မြေနဲ့ ပတ်သက်ပြီး ညှိနှိုင်းမှု တစ်စုံတစ်ရာ မရရှိခဲ့ကြောင်းနဲ့ ဆက်လုပ်ရမယ့် ကိစ္စတွေ အများအပြား ရှိနေကြောင်း ပြောဆိုပါတယ်။ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဝစ်ကော့ဖ်ဟာ အခုအခါ ရုရှားကနေ ထွက်ခွာသွားပြီးလို့ ယူဆရပြီး၊ စစ်ပွဲ အဆုံးသတ်ရေး နဲ့ ပတ်သက်ပြီး တခြား နိုင်ငံတွေနဲ့ ဆက်လက် ဆွေးနွေးမှုတွေ လုပ်မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ယူကရိန်း အခြေအနေဟာ ရှုပ်ထွေးပြီး လွယ်လွယ်နဲ့ ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလို့ သမ္မတ ထရမ့်က ပြောကြားပါတယ်။ ဘီဘီစီ သတင်းထောက် ဝဲလ် ဗာနွန်ရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြပေးထားပါတယ်။



