ရေကြောင်း သွင်းကုန်လိုင်စင် အမြန်ချပေးနေ

ဗီဒီယို ပုံစာ, ရေကြောင်း သွင်းကုန်လိုင်စင် အမြန်ချပေးနေ
ရေကြောင်း သွင်းကုန်လိုင်စင် အမြန်ချပေးနေ

စစ်ကော်မရှင်ဟာ ကုန်သွယ်ရေးလမ်းကြောင်း တွေထဲက ကုန်းလမ်းနဲ့ လေကြောင်းကနေ ကုန်စည်တင်သွင်းတဲ့အပေါ် သွင်းကုန်လိုင်စင်ကို တင်းကျပ်ထားပေမဲ့ ရေကြောင်းကုန်သွယ်ရေးကို မြှင့်တင်ချင်တာကြောင့် ရေကြောင်းသွင်းကုန် လိုင်စင်ကို နှစ်ပတ်ကနေ သုံးပတ်အတွင်းမှာတင် ချပေးနေပါတယ်။ သွင်းကုန်လုပ်ငန်းမှာ အဓိကကျတဲ့ နယ်စပ်လမ်းကြောင်း တွေပေါ်မှာ လက်နက်ကိုင် အဖွဲ့တွေ စိုးမိုးထားတာကြောင့်လည်း ရေကြောင်းဘက်ကို ဦးစားပေးနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရေကြောင်းကုန်သွယ်ရေးဟာ လက်တွေ့မှာ ထင်သလောက် အလုပ်မဖြစ်ဘူးလို့ သွင်းကုန်လုပ်ငန်းရှင်တွေက ပြောကြပါတယ်။ ဘာကြောင့်ပါလဲ။ ဘယ်လိုတွေကြုံတွေ့နေကြရပါသလဲ။ မရွှေပိုးနီ ပြောပြ‌ပေးမှာပါ။