အစ္စရေးနဲ့ အီရန်အကြား ပစ်ခတ်မှု ၅ ရက်မြောက်နေ့၊ ထရမ့် G7 ကနေ စောထွက်ခွာ

ဗီဒီယို ပုံစာ, အစ္စရေးနဲ့ အီရန်အကြား ပစ်ခတ်မှု ၅ ရက်မြောက်နေ့၊ ထရမ့် G7 ကနေ စောထွက်ခွာ
အစ္စရေးနဲ့ အီရန်အကြား ပစ်ခတ်မှု ၅ ရက်မြောက်နေ့၊ ထရမ့် G7 ကနေ စောထွက်ခွာ

အစ္စရေးနဲ့ အီရန်အကြား အပြန်အလှန် ပစ်ခတ်မှုတွေ ၅ ရက်မြောက်နေ့အဖြစ် ဆက်ဖြစ်ပွားနေကြပြီး နှစ်နိုင်ငံစလုံး ထိခိုက်ပျက်စီးမှု၊ လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့မနက် လင်းအားကြီးအချိန်က အစ္စရေးရဲ့ တိုက်ခိုက်ခဲ့မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က မစ်ဆိုင်းဒုံးတွေနဲ့ နှစ်ကြိမ် ဆက်တိုက် ပစ်ခတ်ခဲ့ရာမှာ အစ္စရေးနိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းက နေရာတချို့မှာ လေကြောင်း အချက်ပေးဥသြသံတွေ ဆူညံသွားခဲ့ပါတယ်။ ဒီအတောအတွင်းမှာပဲ အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခတွေ ဆက်ဖြစ်နေလို့ ဆိုပြီး အမေရိကန်သမ္မတ ထရမ့်က ကနေဒါနိုင်ငံမှာ ကျင်းပနေတဲ့ G7 စက်မှုထိပ်သီးနိုင်ငံများ အစည်းအဝေးကနေ ထွက်ခွာသွားခဲ့ပါတယ်။