အာတီးမစ် မစ်ရှင်ကို လာမယ့် နှစ်အစမှာ လွှတ်တင်နိုင်တော့မယ်လို့ နာဆာပြော
အာတီးမစ် မစ်ရှင်ကို လာမယ့် နှစ်အစမှာ လွှတ်တင်နိုင်တော့မယ်လို့ နာဆာပြော
လကမ္ဘာကို ၁၀ ရက်ကြာ သွားရောက်မယ့် ခရီးစဉ်အတွက် အာကာသယာဉ်မှူး ၄ ယောက်ဟာ ပြင်ဆင်နေပါတယ်။ အာကာသထဲက ဘယ်သူမှ မရောက်ဘူးသေးတဲ့ ပိုမို နက်ရှိုင်းတဲ့ နေရာအထိ သွားရောက်မှာ ဖြစ်ပါတယ်။ လကမ္ဘာကို သွားမယ့် အာတီးမစ် မစ်ရှင်ကို လာမယ့် နှစ်အစမှာ လွှတ်တင်နိုင်မှာ ဖြစ်တယ်လို့ အမေရိကန် အာကာသ အေဂျင်စီ နာဆာဘက်က ပြောကြားပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က အပိုလို အာကာသ ခရီးစဉ် နောက်မှာ ပထမဆုံး လကမ္ဘာကို လူတွေ သွားရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် ရေဘက်ကာ မိုရဲလ်ရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြပေးမှာပါ။



