အစ္စရေး နဲ့ ဟဇ်ဘိုလာ တို့အကြား တင်းမာမှုတွေ မြင့်တက်

ဗီဒီယို ပုံစာ, အစ္စရေး နဲ့ ဟဇ်ဘိုလာ တို့အကြား တင်းမာမှုတွေ မြင့်တက်
အစ္စရေး နဲ့ ဟဇ်ဘိုလာ တို့အကြား တင်းမာမှုတွေ မြင့်တက်

လက်ဘနွန်နိုင်ငံက ဟဇ်ဘိုလာ အဖွဲ့ဝင်တွေ အသုံးပြုတဲ့ ပေဂျာနဲ့ ရေဒီယိုတွေ ပေါက်ကွဲပြီး လူ ၃၂ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး၊ ထောင်နဲ့ချီတဲ့လူတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးတဲ့ နောက် အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ တိုးမြှင့်လာမှာကို စိုးရိမ်ပြီး သံတမန်ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်။ ဒီလို ဖောက်ခွဲမှုတွေကို အစ္စရေး ဘက်က လုပ်ဆောင်တာလို့ ဟဇ်ဘိုလာ အဖွဲ့က စွပ်စွဲ ပြောကြားပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ အစ္စရေးဘက်က အတည်ပြုပြောကြားတာမျိုးတော့ မရှိသေးပါဘူး။ အစ္စရေး ကာကွယ်ရေး ဝန်ကြီး ယိုအဗ် ဂဲလန့် ကတော့ တနှစ်ကြာ စစ်ပွဲအတွင်းမှာ စစ်မျက်နှာဟာ မြောက်ဘက်ကို ပြောင်းလဲ ရောက်ရှိသွားခဲ့တယ်လို့ ပြောကြားပါတယ်။ မနေ့က ညတုန်းကလည်း အစ္စရေး ဟာ လက်ဘနွန် တောင်ပိုင်းကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီက လက်နက် သိုလှောင်ရုံတွေကို ဖျက်ဆီး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဘီဘီစီ နိုင်ငံတကာရေးရာ အကြီးတန်း သတင်းထောက် အိုလာ ဂူရင် ရဲ့ သတင်းကို မသီရိဇော်က ပြောပြပေးထားပါတယ်။