ယူကေရဲ့ အကောင်းဆုံး အမျိုးသမီး Scrabble ကစားသမား
Scrabble လို့ခေါ်တဲ့ စာလုံးတွေကို ဆက်တဲ့ ကစားနည်းဟာ ကမ္ဘာတဝန်း လူကြိုက်များပါတယ်။ နိုင်ငံပေါင်း ၁၂၁ နိုင်ငံမှာ ဘာသာစကား ၃၀ ကျော်နဲ့ ထုတ်လုပ်နေရပြီး ရောင်းအားကလည်း သန်း ၁၅၀ ရှိပြီ ဖြစ်ပါတယ်။ Scrabble ကစားနည်းဟာ နိုင်ငံတကာကစားနည်းလည်း ဖြစ်ပြီး အာဖရိက၊ အာရှ၊ ဥရောပ၊ အမေရိကန်နဲ့ သမုဒ္ဒရာပိုင်း နိုင်ငံတွေ အားလုံးမှာပါ ပြိုင်ပွဲတွေကျင်းပကြသလို နိုင်ဂျီးရီးယားက ကစားသမားတွေဟာဆိုလည်း ထိပ်တန်းအဆင့် ရှိကြပါတယ်။ တဖက်မှာလည်း ဗြိတိသျှ သင်္ချာ ကထိက တဦးဟာ သူရဲ့ ယူကေရဲ့ အကောင်းဆုံး အမျိုးသမီး Scrabble ကစားသမား အဆင့်ကို ဆက်ပြီး ထိန်းထားလိုက်နိုင်ပါတယ်။ နတ်တလီ ဇော်လတီဟာ ကလေးအရွယ်ကတည်းက ကစားလာခဲ့တာဖြစ်ပြီး သူ့အောင်မြင်မှုကို အားကျပြီး အမျိုးသမီး ကစားသမားတွေ အဆင့်မြင့်ပြိုင်ပွဲကြီးတွေမှာ ဝင်ပြိုင်လာကြဖို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။ ဘီဘီစီသတင်းထောက် ဆိုဖီ မက်ဒန်ရဲ့ သတင်းကို မစန္ဒာဝင်းက ပြောပြမှာပါ။



