NUG ပြုပြင် ပြောင်းလဲမှု ဘယ်လို အကောင်အထည် ဖော်မလဲ
NUG ပြုပြင် ပြောင်းလဲမှု ဘယ်လို အကောင်အထည် ဖော်မလဲ
ငါးနှစ်နီးပါးအကြာမှာ ပြောင်းလဲ ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြုပြင် ပြောင်းလဲမှုထွက်ပေါ်လာအပြီးမှာပဲ ယာယီသမ္မတ ဒူဝါလရှီးလက အစိုးရ ပြုပြင်ပြောင်းလဲမှုကို အဆင့်သုံးဆင့်နဲ့ လုပ်ဆောင်နေတယ်လို့ ဒီဇင်ဘာလ ၈ ရက်နေ့ကပြောတဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောထားပါတယ်။ ဒီအတောအတွင်း တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေ ပါဝင်ဖို့ ကြိုးစားခဲ့ပေမဲ့ အကန့်အသတ်တွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ နိုင်ငံရေးလေ့လာသူတွေကတော့ NUG ရဲ့ ပြောင်းလဲမှုဟာ တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူလူထုက မျှော်လင့်တဲ့ အပြောင်းအလဲ မဟုတ်တာကြောင့် တော်လှန်ရေး ဦးဆောင်မှုကဏ္ဍမှာ သိသိသာသာ ထူးခြားမှာ မဟုတ်ဘူးလို့ ထောက်ပြကြပါတယ်။ ကိုကျော်ဇေယျက ပြောပြမှာပါ။



