မီတာခ တိုးကောက်ပြီးနောက် လုပ်ငန်းတွေ ဘယ်လိုလည်ပတ်နေသလဲ
မီတာခ တိုးကောက်ပြီးနောက် လုပ်ငန်းတွေ ဘယ်လိုလည်ပတ်နေသလဲ
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ ပဲခူးတိုင်းထဲက စက်မှုဇုံတွေနဲ့ သီးသန့်ဓာတ်အားလိုင်း ယူထားတဲ့နေရာတွေကို ၂၄ နာရီ မီးပေးမှာဖြစ်ပြီး မီတာခကိုလည်း အနည်းဆုံး တစ်ယူနစ်ကို ကျပ် ၉၀၀ ကောက်ခံမှာ ဖြစ်ကြောင်း စစ်ကော်မ ရှင်ရဲ့ လျှပ်စစ်ဝန်ကြီးဌာနဘက်က ထုတ်ပြန်ထားပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ခဲ့တဲ့ ဒီလို ပြောင်းလဲမှု က လုပ်ငန်းရှင်တွေအတွက် အကျိုးရှိပါသလား။ မီတာခ စျေးတက်ပြီးတဲ့နောက်မှာ လုပ်ငန်းတွေ ဘယ်လိုတွေ လည်ပတ် နေရသလဲဆိုတာကို မရွှေပိုးနီက ပြောပြမှာပါ။



