ရခိုင်ပြည်နယ်က ဘက်စုံသုံး စီမံကိန်းတွေရဲ့ အလားအလာ
ရခိုင်ပြည်နယ်ထဲက မြို့ ၉ မြို့နဲ့ ချင်းပြည်နယ်ထဲက ပလက်ဝမြို့တွေကို အာရက္ခတပ်တော် အေအေက ထိန်းချုပ်ထားသလို ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးမှာလည်း တိုက်ပွဲတွေ ကျယ်ပြန့်လာနေပါတယ်။ ကျောက်ဖြူနဲ့ ကုလားတန်မြစ် ဘက်စုံသုံး စီမံကိန်းကြီးတွေ ရှိနေတဲ့ရခိုင်မှာ အဲဒီ စီမံကိန်းဒေသတွေကိုပါ စစ်ကောင်စီ လက်လွှတ် ဆုံးရှုံးရတာမျိုး ရှိလာနိုင်ပါသလား။ ဒီ စီမံကိန်းကြီးတွေရဲ့ အလားအလာက ဘယ်လိုရှိနိုင်ပါသလဲ။ ကိုမြင့်လွင်က စုစည်းပြောပြပေးပါမယ်။
ပြင်ဆင်သိမှတ်ပေးပါရန်။
မြန်မာ့အရေးကျွမ်းကျင်သူ အန်ရူမန်ချောက်ဒရီ ပြောကြားချက်မှာ 'ကုလားတန်ဘက်စုံသုံးစီမံကိန်းဟာ အိန္ဒိယလို ကုန်းတွင်းပိတ်နိုင်ငံအတွက် မြန်မာနိုင်ငံအနောက်ပိုင်းကို ဆက်သွယ်ပေးတဲ့' ဆိုတဲ့ဖော်ပြချက်အစား
ကုလားတန်ဘက်စုံသုံးစီမံကိန်းဟာ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းကို မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းကတဆင့် ကုန်းတွင်းပိတ် အိန္ဒိယ အရှေ့မြောက်ပိုင်းနဲ့ ဆက်သွယ်ပေးတဲ့အဓိက ဆုံမှတ်ဖြစ်လို့ အရေးပါကြောင်း လို့ ပြင်ဆင်သိမှတ်ပေးပါရန်နှင့်
ကျောက်ဖြူရေနက်စီမံကိန်းနောက်ဆက်တွဲ စာချုပ်ကို ၂၀၂၃ ခုနှစ် ဧပြီ အစား ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ မှာချုပ်ဆိုခဲ့ကြောင်း ပြင်ဆင်သိမှတ်ပေးပါရန် လေးစားစွာ ဖော်ပြအပ်ပါတယ်။



