ထိုင်းရောက်မြန်မာတွေကို ၂၀၂၅ ဖေဖော်ဝါရီလအထိ ယာယီနေထိုင်အလုပ်လုပ်ခွင့် ပေးလိုက်ပြီ
ထိုင်းရောက်မြန်မာတွေကို ၂၀၂၅ ဖေဖော်ဝါရီလအထိ ယာယီနေထိုင်အလုပ်လုပ်ခွင့် ပေးလိုက်ပြီ
ထိုင်းရောက်မြန်မာတွေကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်အလုပ်လုပ် ကိုင်ခွင့်ကို ထိုင်းအစိုးရက ဇူလိုင်လက ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီလိုနေထိုင်နေကြောင်းကို အလုပ်ရှင်ရဲ့ ထောက်ခံချက်နဲ့ သက်ဆိုင်ရာမြို့နယ် အလုပ်သမားရုံးကို ရက်ပေါင်း ၉၀ အတွင်းမှာ စာရင်းသွင်း အသိပေးထားဖို့ လိုအပ်တယ်လို့ ထိုင်း ရောက်မြန်မာ့အရေးကူညီနေသူတွေက ဘီဘီစီကိုပြောပါ တယ်။ တပြိုင်တည်းမှာပဲ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုတဲ့ ပန်းရောင်ကတ်ကိုလည်း မြန်မာအပါအဝင် နိုင်ငံခြားသာအလုပ်သမားတွေက လျှောက်ထားရမှာပါ။ အပြည့်အစုံကို ကိုဟိန်းကိုစိုးကပြောပြမှာပါ။



