နယူးအော်လင်း ကားနဲ့ဝင်တိုက်သူ IS ထောက်ခံသူဖြစ်နေ
အမေရိကန် နိုင်ငံ နယူးအော်လင်း အရပ်မှာ လူအုပ်ထဲကို ထရပ်ကားနဲ့ ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် လူ ၁၅ ယောက် သေဆုံးခဲ့ရပြီး၊ ၃၅ ယောက်ထက် မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားပါတယ်။ အဲဒီလူဟာ ကားနဲ့ မတိုက်ခင် နာရီပိုင်းအလိုမှာ အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့ IS ကို ထောက်ခံတဲ့ ဗီဒီယိုတွေကိုလည်း လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ အပြင် ဒီတိုက်ခိုက်မှုကို သူတစ်ယောက်တည်း ကျူးလွန်တာ မဟုတ်ဘူးလို့ တာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။ လူသေဆုံးတဲ့ အထိ ဖြစ်ခဲ့ရတဲ့ ကားနဲ့ ဝင်တိုက်မှုဟာ နယူးအော်လင်းက လူသွားလူလာများတဲ့ ပြင်သစ် ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာပါ။ ကားနဲ့ ဝင်တိုက်ခဲ့သူဟာ ရှန်ဆက်ဒ် ဒင် ဂျက်ဘာ ဆိုတဲ့ အမေရိကန် နိုင်ငံသား စစ်ပြန် တစ်ယောက် ဖြစ်ပြီး ရဲတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်းမှာ သေဆုံးသွားခဲ့ပါတယ်။ ဘီဘီစီ သတင်းထောက် တွမ် ဘိတ်မန်းရဲ့ သတင်းကို ကိုဇေယျာက ပြောပြပေးမှာပါ။



