အီရန်နဲ့ သဘောတူညီမှု တခု ရနိုင်တယ်လို့ ထရမ့်ပြော

ဗီဒီယို ပုံစာ, အီရန်နဲ့ သဘောတူညီမှု တခု ရနိုင်လို့ ထရမ့်ပြော
အီရန်နဲ့ သဘောတူညီမှု တခု ရနိုင်တယ်လို့ ထရမ့်ပြော

အမေရိကန်က အီရန်ကို ပြင်းထန်တဲ့ တိုက်ခိုက်မှုတခု လုပ်နိုင်တဲ့ အန္တရာယ် ရှိနေဆဲ အချိန်မှာပဲ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ သဘောတူညီချက် တခု ရဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်း မတိုင်မီကလည်း အဲဒီက အကြပ်အတည်းတွေနဲ့ ပတ်သက်လို့ အမေရိကန် နဲ့ အစ္စရေးက ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေ ပင်တဂွန်မှာ တွေ့ဆုံခဲ့ကြတယ်လို့ ဆိုပါတယ်။ အီရန်ရဲ့ လုံခြုံရေးဆိုင်ရာ အကြီးတန်း အရာရှိတဦးက ဆွေးနွေးမှုတွေ တိုးတက်မှု ရှိတဲ့အကြောင်း ပြောပါတယ်။ တချိန်တည်းမှာပဲ အီရန်ရဲ့ ဘာသာရေး ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက တကယ်လို့ အမေရိကန်က တိုက်ခိုက်လာခဲ့ရင် ဒေသတွင်း စစ်ပွဲကြီး တခု ဖြစ်လာလိမ့်မယ်လို့ သတိပေးပါတယ်။ ဘီဘီစီ သတင်းထောက် ဂျိုးအင်ဝုဒ်ရဲ့ သတင်းကို မသီရိဇော်က ပြောပြပါမယ်။