ထိုင်းငါးဖမ်းလှေကို စစ်ကောင်စီရေတပ် တိုက်ခိုက်ဖမ်းဆီး

ဗီဒီယို ပုံစာ, ထိုင်းငါးဖမ်းလှေကို စစ်ကောင်စီရေတပ် တိုက်ခိုက်ဖမ်းဆီး
ထိုင်းငါးဖမ်းလှေကို စစ်ကောင်စီရေတပ် တိုက်ခိုက်ဖမ်းဆီး

မြန်မာ ရေပိုင်နက်ထဲဝင်လာတယ်လို့ စွပ်စွဲပြီး ထိုင်းငါးဖမ်းလှေကို မြန်မာ‌ရေတပ်က ပစ်ခတ် ဖမ်းဆီးမှုနဲ့ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်က အကြမ်းဖက်တာကို မထောက်ခံဘူးလို့ ထုတ်ဖော် ပြောဆိုပါတယ်။ ထိုင်းငါးဖမ်းလှေတွေကို ပစ်ခတ်ဖမ်းဆီးမှုအတွင်း ထိုင်းနိုင်ငံသားတစ်ဦးသေဆုံးပြီး ရေလုပ်သား ၃၁ ဦးကို မြန်မာရေတပ်က ဖမ်းဆီးသွားပါတယ်။ ဒီသတင်းကို ကိုသန့်ဇင်က ဆက်ပြောပြမှာပါ။ အဲဒီနောက်စစ်ကောင်စီက ထုတ်ပြန်ပြောကြားချက်ထဲမှာတော့ အဲဒီဖြစ်စဉ်ဟာ မြန်မာရေပိုက်နက်ထဲမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လူသေဆုံးမှု မရှိဘူးလို့ ငြင်းဆိုသွားပါတယ်။