ဂျပန်ကို အလုပ်လုပ်ဖို့ ပို့ပေးမယ်ဆိုပြီး လိမ်လည်မှုတွေရှိနေ
ဂျပန်ကို အလုပ်လုပ်ဖို့ ပို့ပေးမယ်ဆိုပြီး လိမ်လည်မှုတွေရှိနေ
ဂျပန် နိုင်ငံကို အလုပ်သွားရောက်လုပ်ကိုင်ဖို့ ပို့ဆောင်ပေးမယ်ဆိုတဲ့ အလုပ် ပွဲစား ကုမ္ပဏီတွေကို ငွေကြေး သိန်းပေါင်းများစွာ ပေးထားရပြီး ထိုင်းနိုင်ငံထဲမှာ သွားစောင့်နေကြတဲ့ ရာနဲ့ချီတဲ့ လူငယ်တွေဟာ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာပဲ သောင်တင် နေကြပါတယ်။ အလားတူ မြန်မာနိုင်ငံဘက်မှာလည်း ဂျပန်ကို သွားဖို့ရာ၊ တစ်ယောက်ကို ငွေကြေး သိန်း ရာချီ အကုန်ခံထားရပေမဲ့ နစ်နာ ဆုံးရှုံးမှုတွေရှိနေပါတယ်။ စစ်မှုထမ်းမိန့်ကြောင့် ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်တွေ တင်းကျပ်ထားချိန်မှာ အခုလို ရာနဲ့ချီတဲ့ လူငယ်တွေ လိမ်လည် ခံနေရတာ ဖြစ်ပါတယ်။ ဒီအကြောင်း မရွှေပိုးနီက ပြောပြမှာပါ။



