ရန်ကုန် မန္တလေး ငလျင် လှုပ်ခတ်မှုတွေကြောင့် လူတွေ စိုးရိမ်
ရန်ကုန် မန္တလေး ငလျင် လှုပ်ခတ်မှုတွေကြောင့် လူတွေ စိုးရိမ်
ဒီကနေ့ မနက်က ရန်ကုန်မြို့ နဲ့ မန္တလေး အနီးဝန်းကျင်မှာ အင်အား အသင့်အတင့်ရှိတဲ့ ငလျင်တွေ ဆက်တိုက်လှုပ်ခတ်ခဲ့တာကြောင့် လူတွေ အထိတ် တလန့်ဖြစ်ခဲ့ရပါတယ်။ မြေငလျင် လှုပ်ခတ်မှုဟာ နေရာ ၄ နေရာထက် မနည်းမှာ ဖြစ်ပွားခဲ့ပြီး ဒါဟာ စစ်ကိုင်း ပြတ်ရွေ့ကျော ကနေ ဖြာထွက်လာတာ ဖြစ်ကြောင်း ငလျင် ပညာရှင်တွေနဲ့ လေ့လာသူတွေက ပြောကြပါတယ်။ ပြီးခဲ့တဲ့ မတ်လ တုန်းက မြန်မာ နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အင်အားပြင်း မြေငလျင်ကြီးကြောင့် ထိခိုက် ပျက်စီးမှုတွေ ကြုံခဲ့ရတာကြောင့် လူတွေ အကြား ငလျင်လှုပ်ခတ်မှုအပေါ် စိုးရိမ်ပူပန် နေကြပါတယ်။ ဒီအကြောင်း မတာရာက ပြောပြပေးမှာပါ။



