ယူကရိန်း စစ်ပွဲကို ဒေါ်နယ် ထရမ့် အဆုံးသတ်ပေးနိုင်မှာလား
ယူကရိန်း စစ်ပွဲကို ဒေါ်နယ် ထရမ့် အဆုံးသတ်ပေးနိုင်မှာလား
ယူကရိန်းရဲ့ သတ္တု သယံဇာတ တူးဖော်ခွင့်ဆိုတဲ့ သဘောတူညီချက်ရဖို့ အမေရိကန်က ဖိအားပေးနေချိန်မှာ စစ်ပွဲ အဆုံးသတ်ရေး အတွက် ယုံကြည်စိတ်ချရပြီး ရှင်းလင်းတဲ့ လုံခြုံရေး အာမခံချက်လိုအပ်တယ်လို့ သမ္မတ ဇယ်လန်စကီးက ပြောကြားလာပါတယ်။ သမ္မတ ဇယ်လန်းစကီးနဲ့ ယူကရိန်း ဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပေမဲ့လည်း သတင်းစာရှင်းလင်းပွဲ ကိုတော့ ဖျက်သိမ်းခဲ့ကြပါတယ်။ ယူကရိန်း နဲ့ အမေရိကန် သမ္မတတို့ အကြားက အကွဲအပြဲ ကလည်း ပိုမိုထင်ရှားလာပါတယ်။ မစ္စတာ ဇယ်လန်စကီးဟာ အာဏာရှင် တစ်ယောက် ဖြစ်တယ်လို့ ဒေါ်နယ် ထရမ့်က ခေါ်ဝေါ်ခဲ့သလို၊ သမ္မတ ထရမ့်ဟာလည်း သတင်းမှားတွေကြားမှာ နေထိုင်နေသူ တစ်ယောက်ဖြစ်ကြောင်း မစ္စတာ ဇယ်လန်းစကီးက တုန့်ပြန်လိုက်ပါတယ်။ ဘီဘီစီ သတင်းထောက် ဂျိမ်းစ် ဝါးတားဟောက်စ် ရဲ့ သတင်းကို ကိုဇေယျာက ပြောပြပေးထားပါတယ်။



