လှိုင်သာယာ ချန်းရိစက်ရုံမှာ လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုနေဆဲ
လှိုင်သာယာ ချန်းရိစက်ရုံမှာ လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုနေဆဲ
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာရှိတဲ့ ချန်းရိ Adidas ဖိနပ်စက်ရုံမှာ လုပ်ခလစာတိုးမြှင့်ပေးဖို့အတွက် အလုပ်သမား ၆ထောင်ကျော်က ဆန္ဒပြ တောင်းဆိုနေပါတယ်။ အလုပ်သမားတွေက လက်ရှိ တစ်ရက် လုပ်ခလစာက ကျပ် ၅၂၀၀ ကနေ တစ်ရက်ကို ကျပ် ၁၂၀၀၀ အထိတိုးပေးဖို့ မေလ ၁၄ ရက်နေ့မှာ အလုပ်တွေ ရပ်နားပြီး သူတို့ရဲ့ အခွင့်အရေးအတွက် ဒီကနေ့ အထိ ဆက်လက် တောင်းဆိုနေကြပါတယ်။ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြားမှာ ညှိနှိုင်းမှု အခြေအနေက ဘယ်လို ရှိနေပါသလဲ။ အပြည့်အစုံကို မသူဇာလင်းက ပြောပြသွားမှာပါ။



