ပူတင်ကို ထရမ့်စိတ်ပျက်

ဗီဒီယို ပုံစာ, ပူတင့်ကို စိတ်ပျက်တယ်လို့ ထရမ့်ပြော
ပူတင်ကို ထရမ့်စိတ်ပျက်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတပူတင်နဲ့ ပတ်သက်လို့ စိတ်ပျက်မိကြောင်း ဘီဘီစီကို ပြောပါတယ်။ အစောပိုင်းကလည်း မစ္စတာ ထရမ့်က ယူကရိန်းကို ထောက်ပံ့မယ့် လက်နက်သစ်တွေနဲ့ ပတ်သက်လို့ ကြေညာခဲ့သလို နောက် ရုရှားက ငြိမ်းချမ်းရေး သဘောတူညီချက်ကို ရက် ၅၀ အတွင်း သဘောမတူရင် ရုရှားရဲ့ ပို့ကုန်ကို ဝယ်ယူသူတွေကိုလည်း ပိတ်ဆို့ အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါဟာ မော်စကိုရဲ့ အိမ်နီးချင်း ယူကရိန်းကို ဆက်လက် တိုက်ခိုက်နေမှုတွေနဲ့ ပတ်သက်လို့ မကျေမနပ် ဖြစ်လာနေတာကြောင့် မူဝါဒပိုင်းမှာ အကြီးအကျယ် ပြောင်းလဲလာတာ ဖြစ်ပါတယ်။ ဝါရှင်တန် မြို့တော်က ဘီဘီစီ သတင်းထောက် တွမ် ဘိတ်မန်း ပေးပို့ထားတဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။