အာဆီယံ ဥက္ကဋ္ဌနဲ့ မြန်မာ စစ်ခေါင်းဆောင် ထိုင်းမှာ တွေ့ဆုံ
အာဆီယံ ဥက္ကဋ္ဌနဲ့ မြန်မာ စစ်ခေါင်းဆောင် ထိုင်းမှာ တွေ့ဆုံ
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဘန်ကောက်ကို ဒီကနေ့မှာ ရောက်လာပြီး အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မလေးရှားဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အာဆီယံကနေ ဖယ်ကြဉ်ထားတဲ့စစ်ခေါင်းဆောင်ကို ထိုင်းနဲ့မလေးရှားက အခုလို တွေ့ဆုံတာက မြန်မာ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းဖို့ ဒီ့အပြင်တခြား ရွေးချယ်စရာလမ်းမရှိဘူးလို့ တွက်ချက် ပုံရတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ စစ်ခေါင်းဆောင်ကို မလေးရှားက ခေါ်ယူတွေ့ဆုံတဲ့ အပေါ်မှာ မြန်မာနိုင်ငံရေးကို စောင့်ကြည့်နေသူတွေက ဝေဖန်နေပါတယ်။ ကိုနန္ဒက ဘန်ကောက်ကနေ သတင်းပေးပို့ထားပါတယ်။



