အခွန် ကိစ္စ စစ်ခေါင်းဆောင်ရဲ့ ပြန်ကြားမှု အမေရိကန် စိတ်ဝင်စားနိုင်လား
အခွန် ကိစ္စ စစ်ခေါင်းဆောင်ရဲ့ ပြန်ကြားမှု အမေရိကန် စိတ်ဝင်စားနိုင်လား
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခွန် ကိစ္စညှိနှိုင်း ဆွေးနွေးဖို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ချင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ဆီ ဇူလိုင် ၉ ရက်စွဲနဲ့ အကြောင်းကြားစာ ပို့ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ထားတာတွေကိုပါ ရုပ်သိမ်းပေးဖို့လည်း သူက တောင်းဆိုထားပါတယ်။ အမေရိကန် သွင်းကုန်တွေကို မြန်မာက အခွန်ကင်းလွတ်ခွင့်ပေးဖို့ထိ ကမ်းလှမ်းချက်ကို ထရမ့်ဘက်က စိတ်ဝင်စားနိုင်ပါသလား။ ဒီအကြောင်း မရွှေပိုးနီက ပြောပြမှာပါ။



