ပြည်ပသွင်းကုန် ပိတ်ပင်မှုကြောင့် မြန်မာငွေမာလာ

ဗီဒီယို ပုံစာ, ပြည်ပသွင်းကုန် ပိတ်ပင်မှုကြောင့် မြန်မာငွေမာလာ
ပြည်ပသွင်းကုန် ပိတ်ပင်မှုကြောင့် မြန်မာငွေမာလာ

စစ်ကော်မရှင်က ပြည်ပကနေ ဝင်ရောက်လာတဲ့ သွင်းကုန်တွေကို နယ်စပ်ကုန်သွယ်ရေးကနေ ကန့်သတ်ပိတ်ပင်ထားသလို လေကြောင်းလမ်းတွေ ကုန်စည် သယ်ယူပို့ဆောင်တာတွေ ပိတ်လိုက် တဲ့နောက် မြန်မာပြည်တွင်းမှာ မြန်မာငွေစျေး ပြန်မာလာပါတယ်။ တစ်ချိန်တည်းမှာပဲ ကုန်သွယ်ရေးငွေကြေးဖြစ်တဲ့ ဒေါ်လာနဲ့ ထိုင်းဘတ်ငွေစျေး ဆက်တိုက်ကျနေပါတယ်။ မြန်မာငွေတန်ဖိုးမာလာပေမဲ့ ကုန်စျေးနှုန်းတွေမြင့်တက်နေပြီး ကန့်သတ်မှုတွေကြောင့် ပြည်တွင်းမှာ နိုင်ငံခြားဖြစ် ကုန်စည်တွေလည်း ကန့်သတ်ရောင်းချနေရပါတယ်။ ဒါက ဘယ်လို အခြေအနေ ဆိုက်လာနိုင်ပါသလဲ။ အကြောင်းစုံကို မရွှေပိုးနီ ပြောပြပေးမှာပါ။