အသိုက်ပြောင်းရတဲ့ ပင်လယ်စင်ရော်တွေ
အသိုက်ပြောင်းရတဲ့ ပင်လယ်စင်ရော်တွေ
ပစိဖိတ် သမုဒ္ဒရာအလယ်က ဟာဝိုင်ယီကျွန်းစုတွေဟာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းရဲ့ ဒဏ်ကို ခံနေရပါတယ်။ အကျိုးဆက်ကို အဲဒီ ကျွန်းတွေပေါ်မှာ နေထိုင်ကြတဲ့ ပင်လယ်ဇင်ရော်ကြီးတွေပါ ခံစားနေကြရပါတယ်။ ဒါကြောင့်လည်း ပင်လယ်ရေလှိုင်းတွေကြောင့် သူတို့ အသိုက်တွေ မပျောက်ပျက်သွားစေဖို့ သိပ္ပံ ပညာရှင်တွေက ကြံဆပေးကြပါတယ်။ ဒါကတော့ သူတို့ရဲ့ ဥတွေကို ပစိဖိတ်သမုဒ္ဒရာ တဘက်ခြမ်းက ကျွန်းတကျွန်းဆီ ပြောင်းပေးလိုက်ကြတာပါ။ ဘီဘီစီ ကမ္ဘာတလွှားဌာနက မိုင်ရာ အနုဘီရဲ့ ကမ္ဘာကြီးကို ပြုပြင်ပေးသူများအကြောင်း သတင်းကို ကိုရင်မောင်က ပြောပြမှာပါ။



